No.10, Ground Floor, Yadana Street, Ward (3), Hledan, Kamayut Township, Yangon, 11041
+95 1 503 705, +95 9 250 703 185
  • ဗမာစာ
  • English
  • About Us

    What We Do

    ရှေ့သို့အတူတကွဆက်လှမ်းခြင်း လူမှုရေးအသင်းအဖွဲ့ Moving Forward Together (MFT) အဖွဲ့အစည်းသည် အသင်းဖွဲ့၏ အဓိကလုပ်ငန်းစဉ်များဖြစ်သော –

    • ပတ်ဝန်းကျင်မှ ဖယ်ကျဉ်ထားသော ကလေးနှင့် လူငယ်များအား အခြားစွမ်းရည်မြှင့်သင်တန်းများ၊ အသက်မွေးမှု ပညာရေး အခွင့်အလမ်းများမှ တဆင့် ငွေကြေးထောက်ပံ့ခြင်း၊ ပစ္စည်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးခြင်း။
    • လူငယ်များ၊ အမျိုးသမီးများအတွက် အလုပ်အကိုင်ရှာဖွေနိုင်ရန် စွမ်းရည်မြှင့်သင်တန်းများ (ဥပမာ- ကွန်ပျူတာအခြေခံ သင်တန်း၊ အရောင်းမြှင့်တင်ရေးသင်တန်း၊ စွန့်ဦးတီထွင်ခြင်းနှင့် စီးပွားရေးလုပ်ငန်း စွမ်းရည်သင်တန်းနှင့် အခြေခံ စာရင်းကိုင်သင်တန်းများကျင်းပပေးခြင်း၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ အခြားလူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆက်သွယ်ပေးခြင်း
    • အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးသင်တန်းများ ဆောင်ရွက်ခြင်း
    • လူငယ်များ လူမှုရေးရာ ဗဟုသုတများ၊ ဒေသန္တရ ဗဟုသုတများ ရရှိရေးအတွက် လေ့လာရေးခရီးစဉ်များ၊ စကားဝိုင်းများ၊ သင်တန်းများ စီစဉ်ဆောင်ရွက်ခြင်း အစရှိသည့် လုပ်ငန်းစဉ်များအား –
      1. (က)လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်မှုကဏ္ဍ
      2. (ခ) အမျိုးသမီးများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ နှင့်
      3. (ဂ) ပညာရေး ကဏ္ဍ

    MFTအဖွဲ့အစည်းသည် နိုင်ငံတကာအချိတ်အဆက်အားဖြင့် ကင်ညာလူငယ်များနှင့် Skype Video Conferences ဖြစ် တွေ့ဆုံအမြင်ဖလှယ်နိုင်အောင် ဆောင်ရွက်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့အစည်း (IMF) ၏ နှစ်ပတ်လည် အစည်းအဝေးကို ပါဝင်ဆင်နွဲခဲ့ခြင်း၊ MFT အဖွဲ့အစည်း၏ လုပ်ဆောင်ပုံအကြောင်းအရာ တွေကိုဖော်ပြပို့အတွက် အမျိုးသားချင်နန်းတက္ကသိုလ် ထိုင်ဝမ် မှ ကမ်းလှန်းဖိတ်ခေါ်ခဲ့ခြင်း၊

    ရည်ရွယ်ချက်

    • မြန်မာလူငယ်များ၏ ပင်ကိုယ်စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်နိုင်မှု စွမ်းအားများ တိုးတက် ခိုင်မာလာပြီး မိမိတို့ မိသားစု၊ ရပ်ရွာဒေသ ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါ၀င်ဆောင်ရွက်လာကြရန်။
    • မြန်မာလူငယ်များသည် ကောင်းမွန်သော စီးပွားရေး၊ အလုပ်အကိုင်နှင့် ၀င်ငွေရရှိနိုင်ရေး လမ်းကြောင်းများကို သိရှိရယူနိုင်လာပြီး မိမိတို့ဘဝကို ကိုယ်တိုင်အခိုင်အမာ ရပ်တည်လာနိုင် စေရန်။
    • အခွင့်အလမ်းနည်းပါးသော မြန်မာလူငယ်၊ ကလေးငယ်များသည် ကျောင်းပြင်ပ ပညာရေး၊ ဗဟုသုတနှင့် ပြင်ပထိတွေ့လေ့လာမှု အားကောင်းလာပြီး လူမှုအသိုင်းအဝိုင်းတွင်လည်း ပါ၀င်လာနိုင်ကြရန်။
    • ကျား/မ ကိုးကွယ်ရာဘာသာ၊ တိုင်းရင်းသားကွဲပြားမှု စသော လူငယ်များအားလုံးသည် “မြန်မာလူငယ်” ဟူသော ခေါင်းစဉ်အောက်တွင် တသားတည်း ငြိမ်းချမ်းစည်းလုံးစွာဖြင့် အပြန်အလှန် ရင်းနှီးနားလည်မှု တိုးပွားလာစေရန်။

    Are you ready to work With Us?

    ကျွန်ုပ်တို့ အဖွဲ့အစည်းနှင့် ပူးပေါင်းပြီးရှေ့သို့အတူတူ လုပ်အားပေး လုပ်ကိုင်လိုပါက အချိန်မရွေး ဖိတ်ခေါ်အပ်ပါသည်။
     

    © 2025 All Rights Reserved. Moving Forward Together
    Powered By Source Code.