No.10, Ground Floor, Yadana Street, Ward (3), Hledan, Kamayut Township, Yangon, 11041
+95 1 503 705, +95 9 250 703 185
  • ဗမာစာ
  • English

YEEA(H)

Youth Entrepreneurs for Ecological Alternative project

Moving Forward Together, Swiss Academy For Development နှင့်Saung Saee တို့ပူးပေါင်း၍ YEEA(H) – Young Entrepreneurs for Ecological Alternative Project အား ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ဒေသများတွင် ၃နှစ်တာအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။

အဆိုပါစီမံကိန်းအရ လူငယ် ၁၃၂ဦး အား အခြေခံစီးပွားရေးအသိပညာသင်တန်းကို ပို့ချပေးနိုင်ခဲ့ပါသည်။ ထိုသင်တန်းမှရရှိသောအသိပညာနှင့် ဆက်လက်လမ်းပြပံ့ပိုးမှုပေါ်အခြေခံ၍ တစ်ပိုင်တစ်နိုင်အ‌သေးစား စီးပွားရေးလုပ်ငန်းများ၊ လူမှုစီးပွားရေးလုပ်ငန်းများ၊ သမဝါယမအသင်းများအား ဝန်ဆောင်မှုပေးသော လုပ်ငန်းများကို စီမံကိန်း၀င်လူငယ်များမှ လုပ်ဆောင်ခဲ့ကြပါသည်။ ၎င်းအပြင်လူငယ် ၁၆၄ဦး တို့သည် အရှည်သဖြင့် ဖွံ့ဖြိုးတိုးတက်သောစိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာများ၊ တန်ဖိုးမြှင့်ကွင်းဆက်ထောက်ပံ့မှုများ ရရှိခဲ့ကြပါသည်။ ၄င်းအပြင် စီမံကိန်းမှလည်း စိုက်ပျိုးရေးဆိုင်ရာသွင်းအားစု၊ နည်းပညာ နှင့်‌ဈေးကွက် အတွင်းသို့ ချိတ်ဆက်မှုများကို ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

သင်တန်းသားစီမံကိန်းဝင်များအနေဖြင့် ဆက်လက်လေ့လာနိုင်ရန် စီမံကိန်းမှအခြေခံစီးပွားရေး အသိပညာပေးလက်စွဲ၊ စိုက်ပျိုးရေနည်းပညာလက်စွဲအား ပြုစုခဲ့ပါသည်။ အဆိုပါလက်စွဲများအပေါ် အခြေခံ၍ စီမံကိန်းဝင်များအနေဖြင့် မိမိတို့ကိုယ်တိုင်လက်တွေ့သင်ယူမှုများ၊ လက်တွေ့လုပ်ဆောင် မှုများ၊ ၎င်းတို့၏လမ်းပြပံ့ပိုးသူများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက် မိမိတို့ရည်မှန်းချက် များအား ပြည့်မှီနိုင်ရန်ဖော်ဆောင်နိုင်ခဲ့ကြသည်။ ဤစီမံကိန်းမိတ်ဖက်များအနေဖြင့် အဆိုပါလက်စွဲ စာအုပ်များ၊ သင်ထောက်ကူဗီဒီယိုများသည် စိုက်ပျိုးရေးအခြေခံသောစီးပွားရေးလုပ်ငန်းများအတွက် လည်းကောင်း၊ အခြားသောစီးပွားရေးလုပ်ငန်းများအတွက်လည်းကောင်း အထောက်အကူပြုမည်ဟု ယုံကြည် ပါသည်။ သို့ဖြစ်ပါ၍စီမံကိန်းမိတ်ဖက်များအနေဖြင့် စီမံကိန်းပြင်ပတွင်ရှိသော ပုဂ္ဂိုလ်များအား ဤလက်စွဲများဖတ််ရှု့လေ့လာနိုင်ရန် ဝေမျှပေးလိုပါသည်။ မိမိတို့၏စီမံကိန်းမိတ်ဘက်များ၏ ဝက်ဘ်ဆိုဒ် တွင် ဤနည်းပညာဆိုင်ရာစာအုပ်များ သင်ထောက်ကူပစ္စည်းများရရှိနိုင်ရန် ပြုလုပ်ဆောင်ရွက်ထားပါ သည်။ အဆိုပါပညာရေးဆိုင်ရာသင်ထောက်ကူစာအုပ်များနှင့် ဗီဒီယိုများအား မြန်မာဘာသာ၊ ရှမ်းဘာသာ၊ ကချင်ဘာသာ၊ ကရင်ဘာသာများဖြင့် ပြုစုထားသောကြောင့် လေ့လာဖတ်ရှုူ့သူများအတွက် များစွာအထောက်အကူပြုမည်ဟု မျှော်လင့်ပါသည်။ ကြိုက်နှစ်သက်မည်ဟုလည်း မျှော်လင့်ပါသည်။

© 2026 All Rights Reserved. Moving Forward Together
Powered By Source Code.