No 8, Yadanar Street, Ward 3, Hledan, Kayamut Township,Yangon, Myanmar.
+95 1 503 705, +95 9 250 703 185
  • ဗမာစာ
  • English
  • Programs

    အမျိုးသမီးများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ

    MFT အမျိုးသမီး စီးပွားရေးနှင့် လူမှုဘဝမြှင့်တင်ရေး ကဏ္ဍတွင် EDNA Myanmar, Sydney တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ ၂၀၁၄ ခုနှစ်မှ စတင်၍ တစ်နိုင်တစ်ပိုင်နှင့် အသေးစားစီးပွားရေး လုပ်ကိုင်လိုသူများအတွက် စီးပွားရေး အသိပညာပေးခြင်းနှင့် လုပ်ငန်းဖွင့်ဖြိုးမှု မြှင့်တင်ရေး စီမံကိန်းအား လုပ်ကိုင်ဆောင်ရွက် လျှက်ရှိပါသည်။ MFT မှ အဆိုပါသင်ရိုးဖြစ်မြောက်ရေးအတွက် ပြင်ဆင်ပေးခြင်း၊ MFT ၏ ပရိုဂရမ် ဒါရိုက်တာ ဒေါ်ကြည်ကြည်ငြိမ်း မှ တက္ကသိုလ်နှင့် ပူးပေါင်း၍ (၇)လတာ သင်ရိုးများ ရေးဆွဲပေးခြင်းများပြုလုပ်ခဲ့ပြီး နည်းပြပေါင်း ၁၂၀ဦးအား ပျိုးထောင်နိုင်ခဲ့ကာ၊ အဆိုပါနည်းပြများမှတစ်ဆင့် သင်တန်းသား ၉၀၀၀ အား စီးပွားရေးနည်းပညာများ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
    EDNA Myanmar, Sydney University တို့နှင့် ပူးပေါင်းကာ MFT ဘက်မှ နည်းပညာပိုင်းဆိုင် ထောက်ပံ့ပေးမှုများဖြင့် အမျိူးသမီးများ လူမှုစီးပွားမြှင့်တင်ရေး ကဏ္ဍတွင် အမျိုးသမီးများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်လမ်းကောင်းများ ရရှိနိုင်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် လုပ်ငန်းခွင်နှင့် ပတ်သက်သော သင်တန်း (၅) ခုအား ထပ်မံဆောင်ရွက်ရန် စီစဉ်လျှက်ရှိပါသည်။ အဆိုပါသင်တန်း (၅)ခုမှာ (၁) CV and Interview skill သင်တန်း (၂) Office skills သင်တန်း (၃) Customer Service သင်တန်း (၄) Sales and Marketing သင်တန်း (၅) Book keeping and storekeeping သင်တန်းများဖြစ်ပြီး သင်တန်းတစ်ခုလျှင် စာတွေ့ (၁)ပါတ် နှင့် လက်တွေ့သုံးပါတ် စုစုပေါင်း တစ်လတာ ကြာမြင့်မည် ဖြစ်ပါသည်။ ယခုအခါ ထိုသင်တန်းများအတွက် သင်ရိုးများ ရေးဆွဲလျှက်ရှိပြီး သင်ထောက်ကူ Video များလည်း ရိုက်ကူးကာ မည်သူမဆို လေ့လာနိုင်ရန်အတွက် ဒီဇင်ဘာလအကုန်တွင် Youtube ပေါ်တွင် ဖော်ပြသွားမည်ဟု လျာထားလျှက်ရှိပါသည်။

    Are you ready to work With Us?

    ကျွန်ုပ်တို့ အဖွဲ့အစည်းနှင့် ပူးပေါင်းပြီးရှေ့သို့အတူတူ လုပ်အားပေး လုပ်ကိုင်လိုပါက အချိန်မရွေး ဖိတ်ခေါ်အပ်ပါသည်။
     

    © 2024 All Rights Reserved. Moving Forward Together
    Powered By Source Code.