No.10, Ground Floor, Yadana Street, Ward (3), Hledan, Kamayut Township, Yangon, 11041
+95 1 503 705, +95 9 250 703 185
  • ဗမာစာ
  • English

MultiMedia

Education Pillar Supporting Teachers Guidebooks for Schools in Rural Myanmar Initiative Sep,Oct,Nov (2015)

MFT သည် မြန်မာနိုင်ငံတွင်းရှိ ဝေးလံဒေသရှိ ကျောင်းများမှ ကျောင်းသားငယ်လေးများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်၊ ကျောင်းတွင်း ကျောင်းပြင်ပ ပညာရေးဗဟုသုတ အားကောင်း လာစေရန် နှင့် လူမှုအသိုင်းအဝိုင်းကြားတွင် ပါ၀င်လာနိုင်ကြ စေရန် ရည်ရွယ်ပြီး ပညာရေးနှင့် သက်ဆိုင်သော ဆောင်ရွက် ချက်များအား ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ဝေးလံဒေသများရှိ ကျောင်းများမှ တက္ကသိုလ် ၀င်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အောင်ချက် နှုန်း နှင့် အောင်မှတ်ပိုမိုမြင့်မားစေရန်နှင့် ဆရာများ ပိုမို ထိရောက် လွယ်ကူစွာသင်ကြားနိုင်ရန် ရည်ရွယ်ပြီး ဘာသာစုံ ဆရာကိုင် အထူးထုတ်များအား လှုဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သော နေရာများမှာ-ရှမ်းပြည်နယ်တောင်ပို်င်း၊ပအိုင်းကိုယ်ပို်င်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိဟိုပုံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်၊တောင်ကြီးမြို့နယ်များရှိ အထက နှင့် ထခွဲကျောင်း(၄၀)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်းရှိ ခန္တီးမြို့နယ်၊ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်ရှိ အထက နှင့် ထခွဲကျောင်း(၁၀)၊ ချင်းပြည်နယ်တောင်ပို်င်း၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိအထကနှင့်ထခွဲကျောင်း(၆)၊ ကရင်ပြည်နယ် အတွင်းရှိ ပညာဒါနစာသင်ဝိုင်း (၅) ဝိုင်းအပါအဝင် တို့ဖြစ်ပါသည်။

© 2026 All Rights Reserved. Moving Forward Together
Powered By Source Code.