No.10, Ground Floor, Yadana Street, Ward (3), Hledan, Kamayut Township, Yangon, 11041
+95 1 503 705, +95 9 250 703 185
  • ဗမာစာ
  • English

MultiMedia

Job Readiness Training In collaboration with ITC (Mandalay , Aug , 2016)

အလုပ်အကိုင်ရှာဖွေခြင်းနှင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ် ခြင်းသင်တန်း (Job Readiness Training)အား သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ သြဂုတ်လ (၂၉)ရက်နေ့အထိ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန နှင့်ပူးပေါင်းကာ မန္တလေး၊ ပခုက္ကူ၊ သာဂရ၊ ဆင်တဲ စက်မှုသင်တန်းကျောင်းများတွင် သင်တန်းဆင်းကာ အလုပ်ခွင်ဝင်တော့မည့် သင်တန်းသား (၆၃၄)ယောက် တို့အား သင်တန်းပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် MFT ဘက်မှ သင်တန်းဆရာနှင့် ပင်မ ခရီးစရိတ်များအား အကုန်ကျခံပြီး စက်မှုသင်တန်းကျောင်း များဘက်မှ ကျောင်းဝင်းတွင်း တည်းခိုနေထိုင်ရေးနှင့် စားရေး သောက်ရေးများအား စီစဉ်ပေးခဲ့ပါသည်။
ထိုသင်တန်းတွင် အချိန်၏ အရေးပါပုံများ၊ လူမှုပေါင်းသင်း ဆက်ဆံရေးနည်းလမ်းများ၊ လူအများရှေ့ စကားထွက် ပြောရသည့်အလေ့အကျင့်များ၊ ဆုံးဖြတ်ချက် ချနည်းများ၊ ပြသနာ ဖြေရှင်းနည်းများ၊ အင်တာဗျူးနှင့် ပတ်သက်သည့် သင်ခန်းစာနှင့် လက်တွေ့လေ့ကျင့်ခန်း များ၊ အင်တာနက်အား အကျိုးရှိအောင်အသုံးချသည့် နည်းလမ်းများအား သင်ကြားပို့ချပေးခဲ့ပါ သည်။

© 2026 All Rights Reserved. Moving Forward Together
Powered By Source Code.