No.10, Ground Floor, Yadana Street, Ward (3), Hledan, Kamayut Township, Yangon, 11041
+95 1 503 705, +95 9 250 703 185
  • ဗမာစာ
  • English

MultiMedia

Youth Empowerment Training In collaboration with YV Net (Panga, Jul – Aug, 2016)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဒေသခံအဖွဲ့အစည်းဖြစ်သော Youth Volunteer Network (YV Net) နှင့်ပူးပေါင်းကာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၉ရက်နှင့် ၁၀ရက်နေ့များတွင် ပငကျေးရွာနှင့် အနီးနားကျေးရွာများမှ လူငယ်အယောက် (၃၀) အား အလုပ်အကိုင်ရှာဖွေခြင်း၊ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ခြင်းနှင့် အင်တာနက်အသုံးပြုခြင်း သင်တန်းအား ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင် လူငယ်များအား အင်တာနက်၏ အသုံးဝင်ပုံ အင်တာနက်မှ Scholarship များလျောက်နိုင်ပုံ၊ အင်တာနက်အားအသုံးပြုပြီး မိမိဘဝတက်လမ်းအတွက် အထောက်အကူပြုနိုင်သည်များအား ရှာဖွေနိုင်ကြောင်းနှင့် အင်တာနက်အား နည်းလမ်းမှန်အသုံးပြုတတ်အောင် လမ်းညွန်သင်ကြားပေးခဲ့ပြီး အင်တာနက်ပေါ်တွင် အလုပ်ရှာနည်း၊  လက်တွေ့လေ့ကျင့်ခန်းများ၊ လူမှုပေါင်းသင်းဆက်ဆံရေးနည်းများ အစရှိသည်တို့အားသင်ကြား ပို့ချပေးခဲ့ပါသည်။ ထိုသင်တန်းတွင် MFT ဘက်မှနည်းပညာပံ့ပိုးမှုများနှင့်အတူ၊ သင်တန်းဆရာနှင့် ခရီးစရိတ်များအား အကုန်ကျခံခဲ့ပါသည်။

© 2026 All Rights Reserved. Moving Forward Together
Powered By Source Code.