မြန်မာနိုင်ငံအတွင်းရှိ ဘဝအခြေအနေ နိမ့်ပါးပြီး အခွင့်အလမ်းနည်းပါးသော၊ ကိုးကွယ်ရာဘာသာ မတူညီသောတိုင်းရင်းသား လူငယ်၊ မောင်/မယ်များ၏ ပညာရေးမျှော်မှန်းချက်များ မြှင့်တက်လာပြီး အလုပ်အကိုင်ကောင်းများ ကိုယ်ပိုင်စွမ်းဆောင်ရည်များဖြင့် မိမိတို့ မိသားစုဝင်ငွေ၊ လူ့အသိုင်းအဝိုင်းနှင့် နိုင်ငံကို ကောင်းကျိုးပြုနိုင်သော ငြိမ်းချမ်းရေး လိုလားသော စွမ်းဆောင်သူ လူငယ်များ လူ့အသိုက်အဝန်းများ ဖြစ်ပေါ်လာရေးဖြစ်သည်။